Friday, October 12, 2018

စိတ်​ကိုထိမ်း ​ရောက်​မည့်​နိဗ္ဗာန်​ပြည်​´


စိတ်​ကိုထိမ်း ​ရောက်​မည့်​နိဗ္ဗာန်​ပြည်​´
÷•÷•÷•÷•÷•÷•÷•÷•÷•÷•÷•÷•÷•÷•÷

`စိတ်ရဲ့အလိုကို ကိုယ်ကမလိုက်ပါနဲ့´
`ကိုယ်ရဲ့အလိုကိုသာ စိတ်ကလိုက်ပါစေ´

`မစင်ဆိုတာ အာဟာရကြောင့်ဖြစ်တာ´
`မစင်ကိုသာ စက်ဆုပ်တတ်ကြပြီး
`အာဟာရကိုတော့မစက်ဆုပ်တတ်ကြဘူး´

စိုးရိမ်ခြင်းဆိုတာ ချစ်ခြင်းကြောင့်ဖြစ်တာ
`စိုးရိမ်ခြင်းကိုသာ ကင်းလိုကြပြီး´
`ချစ်ခြင်းကိုတော့ မကင်းလိုကြဘူး´

`သေခြင်းဆိုတာ ဘဝကြောင့်ဖြစ်တာ´
`သေခြင်းကိုသာ ကြောက်လန့်ကြပြီး´
`ဘဝကိုတော့ မကြောက်လန့်ကြဘူး´

`ဆင်းရဲဆိုတာ လောဘကြောင့်ဖြစ်တာ´
`ဆင်းရဲကိုသာ ဖယ်လိုကြပြီး´
`လောဘကိုတော့ မဖယ်လိုကြဘူး´

ချမ်းသာဆိုတာ ကောင်းမှုကြောင့်ဖြစ်တာ
`ချမ်းသာကိုသာ လိုချင်ကြပြီး´
`ကောင်းမှုကိုတော့ မပြုချင်ကြဘူး´

`ပူလောင်မှုဆိုတာ
ကိလေသာကြောင့်ဖြစ်တာ´
`ကိလေသာကိုတော့ ရှောင်လိုကြပြီး´
`အပူကို​တော့ မရှောင်လိုကြဘူး´

`ငြိမ်းချမ်းမှုဆိုတာ ဓမ္မကြောင့်ဖြစ်တာ´
`ငြိမ်းချမ်းမှုကိုသာ ဆောင်လိုကြပြီး´
`ဓမ္မကိုတော့ မဆောင်လိုကြဘူး´

`ဘာကိုမှ မလိုချင်လျှင် ဘာကိုမှကြောက်စရာမရှိ´
ရဲရင့်မှုဟာ မလိုချင်ခြင်းမှာရှိတယ်´

`ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှ ညစ်နွမ်းစရာမရှိ´
`စင်ကြယ်ခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်´

`ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှဆင်းရဲစရာမရှိ´
ချမ်းသာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်´

`ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှပူပင်စရာမရှိ´
`အေးချမ်းခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်´

`ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှပင်ပန်းစရာမရှိ´
သက်သာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်

`အပါယ်လေးပါး စိတ်ကြောင့်သွားသည်´
`နိဗ္ဗာန်ရောက်မှု စိတ်ကပြုသည်´
`စိတ်ကိုလွှတ်ထား ဆင်းရဲပွားမည်´
`စိတ်ကိုထိမ်း အေးချမ်းနိဗ္ဗာန်ပြည်´

အရှင်ဥတ္တမ(သစ္စာရွှေစည်ဆရာတော်)

No comments:

Post a Comment