Friday, October 12, 2018

ဘယ်သောအခါမှ ..........................



ဘယ်သောအခါမှ ..........................
==============
ဘယ်​​သောအခါမှ မုန်း၍လည်း ကျိန်​စာမတိုက်​ပါနှင့်​ ချစ်​ခင်​၍လည်း ​နောက်​ဘဝပြန်​​တွေ့ပါရ​စေ ဆုမ​တောင်းကြပါနဲ့ ကံ ကံ၏အကျိုးရယ်​ သံသရာဆိုတာကိုရယ်​ ယုံကြည်​သက်​ဝင်​ကြပါ​စေ ကံ မှန်​ပါက အကျိုး​ပေးသန်​၏ ပြုသူအသစ်​ ဖြစ်​သူအ​ဟောင်းပါ ။
=======================
{ ကံ ကံ၏ အကျိုး​ပေး​တွေပါ } ပဋာစာရီ လင်​ကို ​မြွေကိုက်​ သားကြီး​ ​ရေနစ်​ သားငယ်​ စွန်​ချီ မိဘ နှစ်​ပါးနှင့်​ အကိုကြီး ​လေပြင်း မုန်​တိုင်း​ကြောင့်​ ဆုံးရှုံး အဝတ်​အစားမဲ့ ရူးခဲ့ကြရတယ်​။
မြတ်​ဗုဒ္ဓ နှင့်​​တွေ့​တော့ ချစ်​သမီး ဒီပွဲဟာ ငိုရမယ့်​ ပွဲ မဟုတ်​ဘူး။
လက်​ခုပ်​လက်​ဝါး တီးပြီး ရယ်​​မော ရမယ့်​ ပွဲ တဲ့။
ဘာလို့လည်း ဆို​တော့ အတိတ်​ ဘဝ တစ်​ခုတုန်း က ခု​သေဆုံး သွားကြတဲ့ ​ဆွေမျိုး ရင်းချာ ၆ ဦးဟာ ချစ်​သမီးရဲ့ အိမ်​ကို ဓားပြတိုက်​ မီးရှို့ လူသက်​ လုပ်​ကြ​တော့ ချစ်​သမီးကပဲ စိတ်​ဆိုး လွန်းလို့ ဒင်းတို့ ၆ ဦးလုံး ငါ့ မျက်​​စေ့ ​ရှေ့မှာ အ​သေဆိုးနဲ့ ​သေတာကို တပ်​အပ်​ မြင်​ရပါ​စေသား လို့ ဆု​တောင်းခဲ့ဖူး သတဲ့ ။
ခု အဲ့ဒိ ဆု​တောင်း ပြည့်​ပြီ​လေ တဲ့...။
ပြုသူ အသစ်​ ဖြစ်​သူ အ​ဟောင်း ကံမှန်​ရင်​ အကျိုး​ပေး သန်​လွန်း ပါတယ်​ ။
သံသရာ ဟာ ဉာဏ်​နဲ့ မဖြတ်​ရင်​ မပြတ်​ပါဘူး။
ပဋာစာရီ ရူးသွပ်​​နေချိန်​ မြတ်​ဗုဒ္ဓ နှင့်​ ဘာ့​ကြောင့်​ ကြုံဆုံခွင့်​ ရခဲ့ပါသလည်း...? ။
အတိတ်​က တစ်​ကြိမ်​ တစ်​ခါ ဝိပဿနာတရား အားထုတ်​ခဲ့ ဖူးလို့ပါပဲ ။
အဲ့ဒါ​ကြောင့်​ ဓမ္မမိတ်​​ဆွေတို့ ကျုပ်​တို့​တွေ ဟာ ပဋာစာရီ ​လောက်​လည်း အ​ခြေ​နေ မဆိုးခဲ့ကြပါဘူး ။
ကံ​ကောင်းသူများ တရားနာယူခွင့်​ ရကြသည်​ ။
ကံ အလွန်​ ​ကောင်းသူများ တရား အားထုတ်​ခွင့်​ ရကြသည်​ ။
ကံဆိုးသူများ တရားကို ​ရှောင်​ကြသည်​ ။
ဓမ္မမိတ်​​​ဆွေများ ကံ ​ကောင်းသူလား ကံ ဆိုးသူလား သ​ဗ္ဗေ သတ္တာ ကမ္မသကာ သ​ဗ္ဗေ သင်္ခါရ​ အနိစ္စ ပါ တကား။
Credit > သစ္စာရွှေစည် ဆရာတော် ဦးဥတ္တမ တရားတော်များ Copy
ရင်​​သွေးငယ်​ (ဘိက္ခု)
acc စိတ္တံ ဒန္တံ သုခါဝဟံ

No comments:

Post a Comment