Tuesday, October 30, 2018

အလှူယုတ် (၅) မျိုး


အလှူယုတ် (၅) မျိုး
+++++++++++++++++

- လှူဖွယ်ဝတ္ထုကို စင်ကြယ်ကောင်းမွန်အောင် စီမံပြုပြင်ခြင်း မျိုးမရှိဘဲ လှူဒါန်းခြင်း။

- စိတ်ထဲမှာ ရိုသေလေးစားမြတ်မှုမရှိဘဲ လှူဒါန်းခြင်း။

- မိမိကိုယ်တိုင် ကိုင်တွယ်၍ လှူဒါန်းသင့်ပါလျက် ကိုင်တွယ် ၍ မလှူဒါန်းခြင်း။

- ထမင်းကြွင်း ဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းကဲ့သို့ လှူဒါန်းခြင်း။

- ဤလှူဒါန်းမှုကြောင့် နောင်အခါဝယ် ကောင်းကျိုးဧကန် ရောက်လာ လိမ့်မည်ဟု သိရှိသော ကမ္မဿကတာ ပညာမ ရှိဘဲ

လှူဒါန်းခြင်း
++++++++++++

အလှူယုတ် (၅) မျိုးလှူဒါန်ရခြင်း၏ အကျိုးများ
- စည်းစိမ်ဥစ္စာရှိပါသော်လည်း အင်္ဂါအဆင်း မပြည့်စုံခြင်း။

- စည်းစိမ်ဥစ္စာရှိပါသော်လည်း အခြွေအရံ ပရိသတ်များ မိမိ စကားကို မလိုက်နာခြင်း။

- စည်းစိမ်ဥစ္စာရှိပါသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သော အကျိုးတရား မရနိုင်ဘဲ ရှိတတ်ခြင်း။

- စည်းစိမ်ဥစ္စာရှိပါသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်ရန် စိတ်ဆန္ဒမရှိ မသုံးဆောင်ရဘဲ

ရှိတတ်ခြင်း။

- စည်းစိမ် ဥစ္စာရပါသော်လည်း ရန်သူမျိုးငါးပါးကို ဖျက်ဆီး၍ ပျက်စီးတတ်ခြင်း။

No comments:

Post a Comment