Thursday, October 18, 2018

အချစ်နှင့်ဝိပဿနာ



အချစ်နှင့်ဝိပဿနာ
🌷🌷🌷🌷🌷🌷🌷

အချစ်မှတစ်ဆင့် နိဗ္မာန်သို့ 
အချစ်ဟာကောင်းသလားလို့ ဆိုရင်
မကောင်းဘူးလို့ ပြောရမှာပါပဲ...
ဒီလိုပြောတော့ ချက်ချင်းလက်ခံချင်မှ
လက်ခံနိုင်မှာပါ... အကုသိုလ်တရားက
ကုသိုလ်တရားကို ပြန်ကျေးဇူးပြုပါတယ်..

အဓိပါယ်ကတော့ အချစ်ဆိုတဲ့ ရာဂ ကိုအမှီပြုပြီး ဒါနတွေပြုမယ်၊ သီလတွေ ဆောက်တည်မယ် ဥပုသ်နေ့မှာ စောင့်ထိန်းရတဲ့ ရှစ်ပါးသီလ၊ ကိုးပါသီလကို စောင့်ထိန်းမယ်၊ ဈာန်ရကြောင်း သမထကမ္မဌာန်းတစ်ခုခုကိုပွားမယ်၊
ဒါဆိုရင် မဂ်လည်းရနိုင်ပါတယ်။

ဒီအတိုင်းပြောရင် ရှင်းမှာမဟုတ်ပါဘူး ပုံပြင်လေးနဲ့တွဲပြောပြလိုက်ရင် ပိုရှင်းသွားပါမယ်..
တခါတုန်းက ကောင်းလေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်ရေးဆိုပါသတဲ့။ ကောင်မလေးက မဟာစည်ရိပ်သာမှာ ဥာဏ်စဉ်နာ ပြီးသားပါ၊ အခါအခွင့်သင့်တိုင်းလည်း ရိပ်သာမှာ မကြာခဏတရားဝင်နေတဲ့ ယောဂီပါ၊

ဒီတော့ ကောင်မလေးက ဘာပြန်ပြောသလဲဆိုတော့
`ရိပ်သာမှာ ဥာဏ်စဉ်ရအောင် တရားအားထုတ်ပါ၊
ဥာဏ်စဉ်ရရင် `သူ´လိုချင်တဲ့ အဖြေပေးမယ်လို့  ပြောလိုက်ပါသတဲ့...
ကောင်လေးကလည်း ရိပ်သာဝင်ပြီး တရားအားထုတ်ပါတယ်၊
ဥာဏ်စဉ်နာခွင့်ရဖို့ ရင် (45)ရက်အားထုတ်ပါတယ်၊
ကောင်လေးက နောက်ကတွန်းအားမျှော်လင့်ချက်တွေနဲ့ဆိုတော့
ကြိုးကြိုးစားစား အားထုတ်ပါတယ်။

အားထုတ်ရင်း အားထုတ်ရင်း ထိုက်သင့်တဲ့ ဥာဏ်စဉ်လေးတွေ
ဝင်လာတော့ တရားရဲ့အရသာကို ကိုယ်တိုင် ခံစားသိလာရပါတယ် (45)ရက်ပြည့်တော့ ဥာဏ်စဉ် နာခွင့် ရသွားပါတယ်။

တရားအားထုတ်ပြီးစ၊ ဥာဏ်စဉ်နာပြီးစဆိုတော့
မျက်နှာလေးက အရင်ကထက်ပိုပြီး ကြည်လင်
ဝင်း ပနေတဲ့ ကောင်လေးကို ကောင်မလေးက `ချစ်တယ်´ဆိုတဲ့အဖြေကိုတခါတည်းပေးလိုက်ပါသတဲ့..

ဒီလိုနဲ့ သူတို့နှစ်ယောက် ညားသွားတာ
အခုဆို ကလေးသုံးယောက်တောင် ရနေပါပြီ၊
ကောင်မလေးဖြစ်သူက ကလေးသုံးယောက်နဲ့
အိမ်မှုကိစ္စတွေ ရှုပ်နေတဲ့အတွက် တရားတောင်
ကောင်းကောင်း အားမထုတ်နိုင်တော့ပါဘူး
အမျိုးသားကောင်လေးကသာ ရိပ်သာကို မကြာခဏ ၀င်ဝင်အားထုတ်ဖြစ်နေတာပါ...

ဒါလည်း အချစ်က ကျေးဇူးပြုလိုက်တာပါပဲ...

ကုသိုလ်ကောင်းမှုတွေကို အတူတူပြုနေတဲ့အတွက် နောက်ဘ၀ နောက်ဘ၀တွေအတွက်လည်း ရေစက် ဆုံကြရဦးမှာပါ။

တကယ်လို့ အိမ်ထောင်မပြုသေးတဲ့ သမီးရည်းစားဘ၀မှာပဲ ရှိနေသေးတယ်ထားပါဦး..

ချစ်သူတို့သဘာဝအရ ရွှေတိဂုံဘုရားကို သွားမယ်၊
ဘုရားမှာ ပန်းကပ်မယ်၊ ရေကပ်မယ်၊ ရွေသင်္ကန်းကပ်မယ်၊
ဘုရားရှိခိုးမယ်ဆိုပါစို့၊ သွားတုန်းက ရာဂကို အမှီပြုပြီးသွားကြတာပါပဲ၊

ဒါပေမယ် ဘုရားပေါ်ရောက်တော့ ကုသိုလ်တွေ ပြု ဖြစ်သွားပါတယ် ၊
ဒါဟာလည်း အချစ်ကို အမှီပြုပြီး ကုသိုလ်တွေဖြစ..
သွားတုန်းကတော့ ရာဂကို အမှီပြုပြီးသွားပေမယ့် ရာဂအဆင့်မှာပဲရပ်မနေဘဲ တစ်ဆင့်တက်ပြီး ကုသလိုလ်တွေပြုလိုက်တော့
အချစ်ကနေ ကုသိုလ်ကို ကျေးဇူးပြုသွားတာပါပဲ…။

အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)
အချစ်နှင့်ဝိပဿနာစာအုပ်..မှ

No comments:

Post a Comment