နှလုံးသားထက် မိသားစုကို တန်ဖိုးထားသူ
=======================
လူတစ်ချို့က လူပျိုကြီး ၊ အပျိုကြီးတွေကို အထင်သေးချင်ကြတယ်
ဒါပေမယ့် လူပျိုကြီး ၊ အပျိုကြီးတွေကလည်း သူတို့ကိုကြည့်ပြီး
သနားနေတာ သူတို့မသိရှာဘူး။
လူပျိုကြီး ၊ အပျိုကြီးဆိုတာ အိမ်မှာ ဘုရင် ၊ ဘုရင်မဖြစ်သလို
မိသားစုရဲ့ ဂုဏ်ဆောင်လေ။
အိမ်ထောင်ပြုရတာ လွယ်ပါတယ် လူပျိုကြီး ၊ အပျိုကြီးဖြစ်လာဖို့
နှစ်ပေါင်း ၃၀ ကျော် ရင်းနှီးမြုပ်နှံ ခဲ့ရတာလေ။
လူပျိုကြီး ၊ အပျိုကြီးဆိုတာ မိဘထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်လို့
မယုံကြည်လို့. အဖော်မရှာတာလေ။ မိဘနဲ့ဆိုးတူကောင်းဖက်
စိးပွားရှာနေတဲ့ သားသမီးအလိမ္မာဆိုရင်လည်း မမှားဘူးလေ။
လူပျိုကြီး ၊ အပျိုကြီးတိုင်း ရုပ်မဆိုးသလို မစွံခဲ့တာမဟုတ်ပါဘူး
မိသားစုကို ငဲ့ကွက်ရင်း နှလုံးသားခံစားချက်ကို မသိချင်ယောင်ဆောင်
ခဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။
နှလုံးသားကို အလိုလိုက်ခဲ့ရင် ခုချိန်လောက်ဆိုရင် ကလေးထိန်းနေ
ရောပေါ့။ လူပျိုကြီး ၊ အပျိုကြီးဆိုတာ မိဘတွေအတွက် အဖိုးမဖြတ်နိုင်တဲ့
ရတနာဖြစ်သလို တု ၊ တူမ တွေအတွက် ဒုတိယအမေ ၊ ဒုတိယအဖေ
ဆိုရင်လည်း မမှားပါဘူး။
လူပျိုကြီး ၊ အပျိုကြီးဆိုတာ အိမ်ထောင်ပြုရမှာ ကြောက်လို့မဟုတ်ပါဘူး
မိဘကျေးဇူးကို ဆပ်ချင်ပြီး လွတ်လပ်မှူကို မြတ်နိုးလို့ပါ။
လူပျိုကြီး အပျိုကြီးတွေက အထီးကျန်တယ်ဆိုပေမယ့် အထီးကျန်တာထက် ဆိုးရွားတဲ့ အိမ်ထောင်ရေး မသာယာမှူကို
ပိုကြောက်ကြလို့ပါ။
လောကဓံကို ကြောက်လို့မဟုတ်ဘူး လောကဓံကို အဖော်မပါလည်း
ဖြတ်သန်းရဲတယ်ဆိုတဲ့ သတ္တိတွေပြည့်လျှံနေသူတွေပါ။
သားကျွေးမှူ ၊ မယားကျွေးမှူကို တာဝန်မယူချင်လို့ မဟုတ်ပါဘူး
သားကျွေးမှူ မယားကျွေးမှူထက် မိဘကျေးဇူးကို ပိုဆပ်ချင်လို့ပါ။
လူပျိုကြီး အပျိုကြီးဆိုတာ လူ့လောကတာဝန်ကို မကျေပွန်တာမဟုတ်ဘူး
သာယာတဲ့ အိမ်ထောင်ရေး ၊ စံပြအိမ်ထောင်ရေးမျိုးကို မြတ်နိုးလို့
စိတ်တူကိုယ်တူသူကို တောင့်တနေရင်းနဲ့ လူပျိုကြီး အပျိုကြီးဆိုတဲ့
ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့ကြတာပါ။
လူပျိုကြီး အပျိုကြီးဆိုတာ လူ့ဘောင်လောကရဲ့ အပိုကြီးတွေ
မဟုတ်သလို မိသားစုအတွက် မရှိမဖြစ်လိုအပ်သော တန်ဖိုးကြီး
လူသားတွေဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။
လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ် မကွေး
#Shwe Nyar Thar
No comments:
Post a Comment