Monday, October 15, 2018

လောကဓံတရားနှင့်​ ​တွေ့ကြုံ​သောအခါမတုန်​လှုပ်​ခြင်း မင်္ဂလာ


လောကဓံတရားနှင့်​ ​တွေ့ကြုံ​သောအခါမတုန်​လှုပ်​ခြင်း မင်္ဂလာ
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
⚘ဖုဋ္ဌဿ ​လောကဓ​မ္မေဟိ စိတ္တံ ယဿ နကမ္ပိတိ၊
လောကဓံတရားနှငအ့​တွေ့ကြုံ​သောအခါ မတုန်
လှုပ်​ခြင်း၊ မင်္ဂလာ​လောကဓံတရားနှင့်​ ​တွေ့ကြုံ
သောအခါ မတုန်​လှုပ်​ခြင်းသည်​ မင်္ဂလာတစ်​ပါးဖြစ်
ပါသည်​။
အောက်​ပါပုံဝတ္ထုကို သာဓကအဖြစ်​ တင်​ပြ
အပ်​ပါသည်​ ..။
⚘လွန်​​လေပြီးေ​သါအခါ ဗာရာဏသီပြည်​ကို
အုပ်​စိုး​သော ဗာရာဏသီမင်းဝယ်​ သား​တော်​တစ်​ပါး
ရှိသည်​..။ ဗြဟ္မဒတ်​ဟု အမည်​တွင်​သည်​။ဗြဟမဒတ်
မင်းသားသည်​အခြံအရံ​ပြောများလှသဖြင့်​ မင်းကြီး
သည်​ မယုံသင်္ကာဖြစ်​လာသည်​။မိမိ၏နန်း​တော်​ကို
လုယူလိမ့်​မည်​ဟူ၍စိုးရိမ်​လာသည်​။သို့ဖြင့်​ မင်းသား
ကို တိုင်းနိုင်​ငံ မှနှင်​ထုတ်​လိုက်​​လေသည်​။
⚘မင်းသားသည်​ ဟိမ၀န္တာ​တောသို့ သွား​ရောက်
နေထိုင်​မည်​ပြုသည်​။ထိုမင်းသားတွင်​ အသီသာဘူ
အမည်​ရှိကြင်​ရာ​တော်​ မင်းသမီးရှိသည်​။
အသီသာဘူ မင်းသမီးသည်​လှပတင့်​တယ်​ရုံသာမက
စိတ်​ထား​ကောင်းမွန်​သည်ါ်လာဘ်​ရခြင်း၊မရခြင်း၊
အ​ခြွေအရံရှိခြင်း၊မရှိခြင်း၊ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်း၊
ချမ်းသာခြင်း၊ဆင်းရဲခြင်း၊တည်း​ဟူ​သော​လောကဓံ
တရား ၈ ပါးကို ခံနိုင်​စွမ်းရှိသည်​။ ထို့​ကြောင့်​ ပြည်​မှ
ထွက်​ခွာရမည်​ကိုဝမ်းမနည်း၊မညဉ်းညူ၊သစ္စာရှိစွာ
ဖြင့်​မင်းသားနှင့်​အတူ လိုက်​ပါ​နေထိုင်​သည်​။
⚘သူတို့​မောင်​နှံသည်​ ဟိမ၀န္တာ​တောရှိသင့်​တင့်
လျှောက်​ပတ်​​သော အရပ်​​ဒေသ၌ သက်​ရွက်​မိုး တဲ
လေးထိုးကာ ​နေထိုင်​ကြသည်​။
မနီးမ​ဝေး အရပ်​တွင်​ ရ​သေ့ကြီးတစ်​ပါးလည်းရှိသည်​။ရ​သေု့ကီးသည်​ တရားကိုပြင်းစွာ အား
ထုတ်​​နေထိုင်​သည်​။
မင်းသားတို့ဇနီး​မောင်​နှံသည်​ ​တောတွင်းရှိ သစ်​သီး
များနှင့်​အမဲသားငါးတို့ကိုရှာ​ဖွေစား​သောက်
နေထိုင်​ကြသည်​။
⚘တစ်​​နေ့တ၌ မင်းသားသည်​ ​တောတွင်းတစ်​​နေရာ၌ကိန္နရီမတစ်​ဦးကို ​တွေ့သည်​။တပ်​မက်​သွား
သည်​။ကိန္နရီမကိုသိမ်းပိုက်​၍ မယားပြုရန်​ ကိန္နရီမ
နောက်​သို့ ​ခြေရာခံ၍လိုက်​သည်​။ အသီတာဘူ
မင်းသမီးကိုထားခဲ့သည်​။
⚘ မင်းသမီးသည်​ ​လောကဓံတရားကိုနားလည်
သူဖြစ်​​သော​ကြောင့်​ မင်းသားပစ်​သွား​သော်​လည်း
ဝမ်းမနည်း၊ပူ​ဆွေးခြင်း မဖြစ်​၊မနီးမ​ဝေးအရပ်​ရှိရ​သေ့ကြီးထံ သွားသည်​။တရားအားထုတ်​နည်းကိုသင်
ယူကာ ကြိုးစား၍ တရားအားထုတ်​သည်​။
မကြာမှီပင်​ ​အောင်​မြင်​သွားသည်​၊ဈန်​တစ်​ခိုးရသွား
သည်​။ဤတွင်​ ရ​သေ့ကိုရှိခိုးကာ မိမိ​နေထိုင်​ရာ ထံသို့
ပြန်​၍​နေထိုင်​သည်​။
⚘ ဗြဟ္မဒတ်​မင်းသားသည်​ ကိန္နရီမ ​နောက်​သို့
လိုကရာမ​အောင်​မြင်​၊ဖမ်းမိမလိုလိုနဲ့ လွတ်​သွားသည်
မျက်​​ခြည်​ပြတ်​သွားသည်​၊ဤတွင်​ မင်းသမီးထံ ပြန်
လာသည်​၊မင်းသမီးသည်​မင်းသားကိုမြင်​လျှင်​ဈန်
တစ်​ခိုးဖြင့်​ ​ကောင်းကင်​သို့ပြန်​တက်​လိုက်​သည်​။
⚘အရှင့်​သား၊သင့်​​ကြောင့်​ ငါသည်​ တရားထုတ်
နိုင်​ကာ ဈန်​ချမ်းသာကို ရရှိသွားပြီ၊သင့်​ကို ငါအလို
မရှိ​တော့ပြီ၊ ဟုဆိုကာ ​ကောင်းကင်​ခရီးဖြင့်​ အရပ်
တစ်​ပါးသို့ ငြိမ်း​အေးစွာ ပျံသန်းသွား​လေသည်​။
မင်းသားမိုက်​သည်​ ​နောင်​တရကာ
ကျန်​ရစ်​​လေသတည်း...။
အကိုး။ ။ ၅၅၀-အသိတာဘူဇာတ်​။

No comments:

Post a Comment