❝ သူတို့မို့ ပြောရက်လိုက်တာ ❞
■■■■■■■■■■■■■■■
✍️စာရေးသူ - ဇာဏီ(ကံမ)✍️
▬▬▬▬▬▬▬▬▬▬▬▬▬
■■■■■■■■■■■■■■■
✍️စာရေးသူ - ဇာဏီ(ကံမ)✍️
▬▬▬▬▬▬▬▬▬▬▬▬▬
မကြာသေးမီ ကာလတစ်ခုလောက်ကပါ။
အလွန်ဆုံးရှိမှ တစ်လနှစ်လလောက်
ရှိမယ်ထင်ပါတယ်။
ပုလဲမြို့သစ်မှာရှိတဲ့
အဖေတို့ ရဟန်းခံထားတဲ့
ကျောမခင်းဘုန်းဘုန်းလေးထံကို အသွား
မြို့ပတ်ရထားပေါ် တက်လိုက်တယ်ဆိုရင်ပဲ
ကျွန်တော်တို့ထိုင်နေတဲ့
မျက်နှာချင်းဆိုင်ဘက်အခြမ်းက
အော်ကျယ်အော်ကျယ်နဲ့ ပြောနေတဲ့
ဈေးသည်(၃)ယောက်ရဲ့
အတိုင်အဖေါက်ညီညီနဲ့ ပြောနေတဲ့
သားရေးသမီးရေး လူမှု့ရေးကိစ္စအသံတွေက
မီးရထားသံကို လွှမ်းပြီး နားထဲကို
တစ်ခုပြီးတစ်ခု ဝင်လာတာကို သိလိုက်တယ်။
အလွန်ဆုံးရှိမှ တစ်လနှစ်လလောက်
ရှိမယ်ထင်ပါတယ်။
ပုလဲမြို့သစ်မှာရှိတဲ့
အဖေတို့ ရဟန်းခံထားတဲ့
ကျောမခင်းဘုန်းဘုန်းလေးထံကို အသွား
မြို့ပတ်ရထားပေါ် တက်လိုက်တယ်ဆိုရင်ပဲ
ကျွန်တော်တို့ထိုင်နေတဲ့
မျက်နှာချင်းဆိုင်ဘက်အခြမ်းက
အော်ကျယ်အော်ကျယ်နဲ့ ပြောနေတဲ့
ဈေးသည်(၃)ယောက်ရဲ့
အတိုင်အဖေါက်ညီညီနဲ့ ပြောနေတဲ့
သားရေးသမီးရေး လူမှု့ရေးကိစ္စအသံတွေက
မီးရထားသံကို လွှမ်းပြီး နားထဲကို
တစ်ခုပြီးတစ်ခု ဝင်လာတာကို သိလိုက်တယ်။
နောက်မကြာခင်
ဘောက်ထော်ဘူတာရောက်တော့
ဟောင်းနွမ်းနေပြီဖြစ်တဲ့ သင်္ဃန်းကိုရုံပြီး
သပိတ်ကိုယ်စီ ကိုင်တက်လာတဲ့
ကိုရင်လေး(၃)ပါးကို တွေ့လိုက်ရပြီး
ကိုယ်ရင်(၃)ပါးအနက်
တစ်ပါးက အပေါက်ဝမှာ ထိုင်စီးပြီး
နောက်(၂) ပါးက အပေါက်ဝမှာ
မတ်တပ်ရပ် စီးနေတာကို တွေ့လိုက်တယ်။
ဘောက်ထော်ဘူတာရောက်တော့
ဟောင်းနွမ်းနေပြီဖြစ်တဲ့ သင်္ဃန်းကိုရုံပြီး
သပိတ်ကိုယ်စီ ကိုင်တက်လာတဲ့
ကိုရင်လေး(၃)ပါးကို တွေ့လိုက်ရပြီး
ကိုယ်ရင်(၃)ပါးအနက်
တစ်ပါးက အပေါက်ဝမှာ ထိုင်စီးပြီး
နောက်(၂) ပါးက အပေါက်ဝမှာ
မတ်တပ်ရပ် စီးနေတာကို တွေ့လိုက်တယ်။
ကျွန်တော်တို့နဲ့ မျက်စောင်းထိုးမှာ
ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်က
ကိုရင်လေးတွေကို လှမ်းကြည့်ပြီး
ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်က
ကိုရင်လေးတွေကို လှမ်းကြည့်ပြီး
" ကိုရင်အပေါ်တက်စီး လိမ့်ကျမယ်" လို့
အော်ပြောလိုက်တာ ကြားလိုက်တယ်။
ဂရုဏာ ဒေါသောနဲ့ ပြောလိုက်တဲ့ အသံဆိုတာ
သဘောပေါက်လိုက်တယ်။
အော်ပြောလိုက်တာ ကြားလိုက်တယ်။
ဂရုဏာ ဒေါသောနဲ့ ပြောလိုက်တဲ့ အသံဆိုတာ
သဘောပေါက်လိုက်တယ်။
အဲဒီမှာတင် ခုနက
အော်ကျယ်အော်ကျယ်ပြောနေတဲ့အထဲက
မိန်းမကြီးကြီးတစ်ယောက်က ကိုရင်ကို
လှမ်းသတိပေးတဲ့အမျိုးသမီးကို ကြည့်ရင်း
အော်ကျယ်အော်ကျယ်ပြောနေတဲ့အထဲက
မိန်းမကြီးကြီးတစ်ယောက်က ကိုရင်ကို
လှမ်းသတိပေးတဲ့အမျိုးသမီးကို ကြည့်ရင်း
"ပြောမရ၊ ဆိုမရ
ဘယ်လို ကိုရင်တွေလည်း မသိဘူး၊
နေပါစေ မပြောနဲ့၊ လိမ့်ကျစေခြင်တယ်၊
တစ်ခုခုဖြစ်မှ မှတ်မယ်" လို့-
ပြောသံကြားလိုက်တယ်။
ဘယ်လို ကိုရင်တွေလည်း မသိဘူး၊
နေပါစေ မပြောနဲ့၊ လိမ့်ကျစေခြင်တယ်၊
တစ်ခုခုဖြစ်မှ မှတ်မယ်" လို့-
ပြောသံကြားလိုက်တယ်။
အဲဒီမှာတင် တဆက်တည်း
နောက်တစ်ယောက်က ပြောပြန်တယ်။
နောက်တစ်ယောက်က ပြောပြန်တယ်။
"တို့အိမ်နားက ဘုန်းကြီးကျောင်းမှာဆိုလည်း
ကိုရင်တွေက အရမ်းဆော့
ညနေဆို ဘောလုံးကန်နဲ့
ကြည်ညိုဖို့ တစက်မှမကောင်းဘူးအေ" လို့
ပြောပြန်တယ်။
ကိုရင်တွေက အရမ်းဆော့
ညနေဆို ဘောလုံးကန်နဲ့
ကြည်ညိုဖို့ တစက်မှမကောင်းဘူးအေ" လို့
ပြောပြန်တယ်။
နောက်တစ်ယောက်က ထပ်ပြောပြန်တယ်၊
"ငါကတော့ ငါ့ဆိုင်လာအလှူခံတဲ့
ဘယ်လိုဘုန်းကြီးပဲဖြစ်ဖြစ်၊
ကိုရင်၊ မယ်သီလပဲဖြစ်ဖြစ်၊
လုပ်စားကိုင်စားနိုင်ပါရက်နဲ့ ယောဂီဝတ်ဝတ်ပြီး
လာအလှူခံလို့ကတော့-
မကြည်ညိုတော့ဘူးဆိုရင်
လှူကိုမလှူဘူးလို့ ပြောရင်း
တံတားလေးဘူတာအရောက်မှာတော့
ကတိုက်ကရိုက် ဆင်းသွားတာတွေ့လိုက်တယ်။
ဘယ်လိုဘုန်းကြီးပဲဖြစ်ဖြစ်၊
ကိုရင်၊ မယ်သီလပဲဖြစ်ဖြစ်၊
လုပ်စားကိုင်စားနိုင်ပါရက်နဲ့ ယောဂီဝတ်ဝတ်ပြီး
လာအလှူခံလို့ကတော့-
မကြည်ညိုတော့ဘူးဆိုရင်
လှူကိုမလှူဘူးလို့ ပြောရင်း
တံတားလေးဘူတာအရောက်မှာတော့
ကတိုက်ကရိုက် ဆင်းသွားတာတွေ့လိုက်တယ်။
သူတို့မို့ ပြောရက်တယ်•••
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ
သာသနာ့အာဇာနည် အကျော်အမော်
ဆရာတော်ကြီးတွေဆိုတာ
ငယ်စဉ်ကာလမှာ ကိုရင်လေးတွေဘဝနဲ့
သန္ဓေတည်ခဲ့ရတာပါ။
သာသနာ့အာဇာနည် အကျော်အမော်
ဆရာတော်ကြီးတွေဆိုတာ
ငယ်စဉ်ကာလမှာ ကိုရင်လေးတွေဘဝနဲ့
သန္ဓေတည်ခဲ့ရတာပါ။
ငယ်ရွယ်တဲ့အလျောက် သာသနာ့ဘောင်မှာ
ပျော်အောင်ထားပြီး အလွန်ဆိုးရွားတဲ့
အပြစ်အနာအဆာက လွဲလို့
တစ်ချို့ကိစ္စတွေမှာ မသိမသာ လစ်လျူရှုပြီး
စာသင် စာအံနဲ့ လေ့ကျင့် ပြုစုပေးခဲ့ရတာပါ။
ပျော်အောင်ထားပြီး အလွန်ဆိုးရွားတဲ့
အပြစ်အနာအဆာက လွဲလို့
တစ်ချို့ကိစ္စတွေမှာ မသိမသာ လစ်လျူရှုပြီး
စာသင် စာအံနဲ့ လေ့ကျင့် ပြုစုပေးခဲ့ရတာပါ။
ဒီလိုနဲ့ အသက်အရွယ် အပိုင်းအခြားအလိုက်
ရင့်ကျက်လာတဲ့အရွယ်မှာတော့-
"သာသနာ့ဘောင်မှာ
ငါနေတာပဲဆိုတဲ့ အသိ ဝင်လာအောင်"
ဆရာတော်ကြီးတွေရဲ့ဆုံးမစကားက
ဦးဏှောက်ထဲအထိ ရိုက်သွင်းပြီးသား
ဖြစ်သွားတာပါ။
ရင့်ကျက်လာတဲ့အရွယ်မှာတော့-
"သာသနာ့ဘောင်မှာ
ငါနေတာပဲဆိုတဲ့ အသိ ဝင်လာအောင်"
ဆရာတော်ကြီးတွေရဲ့ဆုံးမစကားက
ဦးဏှောက်ထဲအထိ ရိုက်သွင်းပြီးသား
ဖြစ်သွားတာပါ။
ဒါနဲ့ပဲ အသက်(၂၀) ပြည့်လို့ ရဟန်းခံပြီး
ရဟန်းဖြစ်သွားတဲ့အခါမှာတော့
ပိုပြီး တည်ငြိမ် ရင့်ကျက်လာတော့တာပါပဲ။
ရဟန်းဖြစ်သွားတဲ့အခါမှာတော့
ပိုပြီး တည်ငြိမ် ရင့်ကျက်လာတော့တာပါပဲ။
သာသနာတော်ကြီး
မကွယ်မပျောက် အဓွန့်ရှည်အောင်
စောင့်ရှောက်နေတာ
တကယ်တော့ ကိုရင်ဘဝနဲ့
သန္ဓေတည်ခဲ့ပြီးမှ ဖြစ်လာကြတဲ့
ရဟန်းသံဃာတော်တွေရဲ့ ကျေးဇူးပါ။
သိပ်ကျေးဇူးကြီးလှပါတယ်။
မကွယ်မပျောက် အဓွန့်ရှည်အောင်
စောင့်ရှောက်နေတာ
တကယ်တော့ ကိုရင်ဘဝနဲ့
သန္ဓေတည်ခဲ့ပြီးမှ ဖြစ်လာကြတဲ့
ရဟန်းသံဃာတော်တွေရဲ့ ကျေးဇူးပါ။
သိပ်ကျေးဇူးကြီးလှပါတယ်။
သူတို့မို့ ပြောရက်တယ်•••
မကြည်ညိုရင် မလှူဘူးတဲ့...
အထိုက်အလျောက် မှန်ပါတယ်။
ကြည်ညိုမှလည်း လှူခြင်စိတ်ရှိတာပါ။
ဒါပေမဲ့ ဒီနေရာမှာ နှလုံးသွင်းဘို့လိုတာက
အလှူခံရှိမှ အလှူထမြောက်တယ်ဆိုတာ
သဘောပေါက်ဖို့ လိုသလို
အလှူခံဆိုတဲ့နေရာမှာလည်း
အယုတ် အလတ် အမြတ်မရွေး
တိရစ္ဆာန်လေးတွေကအစ
လှူတတ်တဲ့ သဒ္ဒါစိတ် မွေးတတ်ဖို့ လိုပါတယ်။
အထိုက်အလျောက် မှန်ပါတယ်။
ကြည်ညိုမှလည်း လှူခြင်စိတ်ရှိတာပါ။
ဒါပေမဲ့ ဒီနေရာမှာ နှလုံးသွင်းဘို့လိုတာက
အလှူခံရှိမှ အလှူထမြောက်တယ်ဆိုတာ
သဘောပေါက်ဖို့ လိုသလို
အလှူခံဆိုတဲ့နေရာမှာလည်း
အယုတ် အလတ် အမြတ်မရွေး
တိရစ္ဆာန်လေးတွေကအစ
လှူတတ်တဲ့ သဒ္ဒါစိတ် မွေးတတ်ဖို့ လိုပါတယ်။
ဘုရားအလောင်းတော်
ဝေဿန္တရာမင်းဘဝမှာတောင်
အယုတ် အလတ် အမြတ်မရွေး
လှူခဲ့တဲ့ သာဓကတွေ ရှိခဲ့ဘူးတာတွေကို
သတိရဖို့ လိုပါတယ်။
အယုတ် အလတ် အမြတ် အလိုက်
အကျိုးပေးကွာခြားတာလည်း မှန်ပါတယ်။
ဝေဿန္တရာမင်းဘဝမှာတောင်
အယုတ် အလတ် အမြတ်မရွေး
လှူခဲ့တဲ့ သာဓကတွေ ရှိခဲ့ဘူးတာတွေကို
သတိရဖို့ လိုပါတယ်။
အယုတ် အလတ် အမြတ် အလိုက်
အကျိုးပေးကွာခြားတာလည်း မှန်ပါတယ်။
ကြည်ညိုဖွယ်မရှိတဲ့ ရဟန်းသံဃာတွေရဲ့
အလှူခံနဲ့ တွေ့တဲ့အခါ
ကိုယ့်ဘက်က လှူနိုင်တဲ့ အလှူမျိုး ဖြစ်နေရင်
"သံဃဿ ဒေမ" ဆိုပြီး
သံဃာကို ရည်စူး လှူလိုက်ရင်လည်း
အချည်းအနှီး မဖြစ်ဘူးဆိုတာလည်း
နားလည်ဖို့ လိုပါတယ်။
အလှူခံနဲ့ တွေ့တဲ့အခါ
ကိုယ့်ဘက်က လှူနိုင်တဲ့ အလှူမျိုး ဖြစ်နေရင်
"သံဃဿ ဒေမ" ဆိုပြီး
သံဃာကို ရည်စူး လှူလိုက်ရင်လည်း
အချည်းအနှီး မဖြစ်ဘူးဆိုတာလည်း
နားလည်ဖို့ လိုပါတယ်။
သူတို့မို့ ပြောရက်တယ်•••
ကိုယ်မကြည်ညိုလို့ မလှူခြင်လည်း
နေလို့ရပါတယ်။
တဖက်သားရဲ့အလှူကို ပိတ်ဆို့သွားစေတဲ့
စကားတွေ ပြောနေတယ်ဆိုတာ
တန်ဘိုးမသိတဲ့ လူတွေရဲ့
စည်းမဲ့ကမ်းမဲ့ စကားတွေပါလားလို့ တွေးမိပြီး
နေလို့ရပါတယ်။
တဖက်သားရဲ့အလှူကို ပိတ်ဆို့သွားစေတဲ့
စကားတွေ ပြောနေတယ်ဆိုတာ
တန်ဘိုးမသိတဲ့ လူတွေရဲ့
စည်းမဲ့ကမ်းမဲ့ စကားတွေပါလားလို့ တွေးမိပြီး
"တန်ဘိုးသိမှ တန်ဘိုးရှိတယ်" ဆိုတဲ့
စကားကို ပြန်သတိရလိုက်မိရင်း•••
စကားကို ပြန်သတိရလိုက်မိရင်း•••
ဓမ္မမိတ်ဆွေတွေအနေနဲ့လည်း
အလှူခံရှိမှ အလှူအထမြောက်တယ်ဆိုတာ
သဘောပေါက်ပြီး-
အယုတ် အလတ် အမြတ် မရွေး
လှူဒါန်းတတ်ဖို့နဲ့
မိမိစိတ်အစဉ်မှာ မကြည်ညိုလို့
လှူခြင်စိတ်မရှိရင်တောင်
သူတဖက်သား အလှူပျက်အောင်
ပြောဆိုပိတ်ပင်တာမျိုး မဖြစ်မိစေဖို့
သတိထားဆင်ခြင်နိုင်ပါရန်
ရင်ထဲက မေတ္တာများစွာနဲ့
တိုက်တွန်းလိုက်ရပါတော့သည်။ ။
အလှူခံရှိမှ အလှူအထမြောက်တယ်ဆိုတာ
သဘောပေါက်ပြီး-
အယုတ် အလတ် အမြတ် မရွေး
လှူဒါန်းတတ်ဖို့နဲ့
မိမိစိတ်အစဉ်မှာ မကြည်ညိုလို့
လှူခြင်စိတ်မရှိရင်တောင်
သူတဖက်သား အလှူပျက်အောင်
ပြောဆိုပိတ်ပင်တာမျိုး မဖြစ်မိစေဖို့
သတိထားဆင်ခြင်နိုင်ပါရန်
ရင်ထဲက မေတ္တာများစွာနဲ့
တိုက်တွန်းလိုက်ရပါတော့သည်။ ။
✍️စာရေးသူ - ဇာဏီ(ကံမ)✍️
🏮အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🏮
No comments:
Post a Comment