Friday, October 12, 2018

ပျော်ရွှင်မှုဒီနေရာ ဒီအချိန်မှာ ရှိနိုင်ပါတယ်


ပျော်ရွှင်မှုဒီနေရာ ဒီအချိန်မှာ ရှိနိုင်ပါတယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အပိုင်း(၁)
★ ဒီနေ့ ဟောမယ့်အကြောင်းအရာက စိတ်ချမ်းသာမှုက ဒီအချိန်လဒီနေရာမှာတင် ဖြစ်နိုင်တယ်။ စောင့်ဖို့မလိုဘူး။ တခြားနေရာလည်း သွားရှာဖို့ မလိုဘူး။ ဘတ်စ်ပေါ်မှာဆိုရင် ဘတ်စ်ကားပေါ်မှာ စိတ်ချမ်းသာအောင် လုပ်နိုင်တယ်။ စင်္ကာပူရထား MRT ခေါ်တာပေါ့နော် ဒီမှာ။
★ အင်္ဂလန်မှာတော့ Tube ခေါ်တယ်။ အဲဒီ မြေအောက်ရထားပေါ်မှာ ရှိနေရင်းနဲ့ အဲဒီအချိန် အဲဒီနေရာ စိတ်ချမ်းသာအောင် လုပ်နိုင်တယ်။ ထမင်းစားနေတဲ့အချိန် ထမင်းစားနေတဲ့အချိန်မှာ စိတ်ချမ်းသာအောင် လုပ်နိုင်တယ်။ ထမင်းစားပြီးတော့ အပြင်မှာ သူငယ်ချင်းတွေနဲ့ သွားတွေ့ဖို့ အဲဒီအချိန်ထိ စောင့်ဖို့မလိုဘူး။
★ သူငယ်ချင်းတွေနဲ့ တွေ့နေတဲ့အချိန်မှာ အဲဒီအချိန်မှာ အဲဒီနေရာမှာတင် စိတ်ချမ်းသာမှု ရအောင်လုပ်နိုင်တယ်။ ကားကောင်းကောင်းဝယ်တဲ့အချိန်ထိ စောင့်ဖိုမလိုဘူး။ စိတ်ချမ်းသာမှုနဲ့ ပတ်သတ်ပြီးတော့ ဘုန်းဘုန်း တရားနှစ်ပုဒ်ဟောထားတယ်။
★ ပျော်ရွှင်နိုင်ပါလျက်နဲ့ မပျော်နိုင်သူများ အမှတ်(၁) နဲ့ အမှတ်(၂) ဟောထားတာရှိတယ်။ အမှတ်(၁)ကိုတော့ ပြီးခဲ့တဲ့ ၂-နှစ်လောက်က ဟောထားတယ်။ အမှတ်(၂)ကိုတော့ ပြီးခဲ့တဲ့ မတ်လက ဟောထားတယ်။ အဲဒီ နှစ်ခုစလုံးမှာ စိတ်ချမ်းသာအောင် ဘယ်လိုလုပ်ရမှာတုန်း?
★ မုဒိတာ... မုဒိတာရှိရင် ကိုယ့်မှာ ရှိတဲ့ပစ္စည်းတွေ ရှိမှန်းကိုယ်က ပိုပြီးတော့ သတိထားမိတယ်တဲ့။ ကျန်းမာရေး ကောင်းကောင်းရှိတယ်၊ သူငယ်ချင်းကောင်းကောင်း ရှိတယ်။ လုံခြုံတဲ့ ပတ်ဝန်းကျင်ရှိတယ်။ နေမကောင်းဘူးဆိုရင် သွားပြဖို့အတွက် အနီးအနားမှာ ဆရာဝန်တွေ ရှိတယ်။ ဒါတွေ အများစုက သတိမထားမိဘူး။
★ ဘာဖြစ်လို့တုန်းဆိုတော့ #မုဒိတာ ကင်းနေတဲ့အခါကျတော့ လက်ထဲမှာ ရှိတဲ့ဟာ သတိမထားမိဘူး။ အဲဒါကြောင့် #မုဒိတာ ရှိတဲ့ဟာကို ပြန်ပြန်တွေးချင်းအားဖြင့် စိတ်ချမ်းသာမှုရနိုင်တယ်။
★ ရခဲ့တဲ့ပညာ အောင်ခဲ့တဲ့စာမေးပွဲတွေ သိတဲ့လူတွေ၊ အခုကျတော့ သိတဲ့လူထဲက တစ်ယောက်က ကိုယ့်မကောင်းဘူးပြောတယ်။ မကောင်းဘူးပြောတယ် မခေါ်ဘူး၊ မွေးနေ့မဖိတ်ဘူး အဲဒါမျိုးတွေဆို စိတ်ထဲမှာ အဲဒါပဲ တွေးနေတာ အမြဲတမ်းတွေးနေတာ။ ကျန်တဲ့သူတွေ သူငယ်ချင်းကောင်း အများကြီးရှိသေးတယ် အဲဒါ သတိမရတော့ဘူး။
★ ဘာဖြစ်လို့ အဲလိုဖြစ်တာတုန်း negativity bias က မကောင်းတာကို ပိုပြီးတော့ တွေးဖြစ်တဲ့ဟာ အဲဒါ ဘာဖြစ်လို့ ဖြစ်တာတုန်းဆိုတော့ မုဒိတာ နည်းလို့။ ဒါက ပထမ တရားအပုဒ်ထဲမှာ။
★ နောက် ဒုတိယအပုဒ်က ဘာပြောတာတုန်းဆို အသုံးပြုတဲ့နေရာမှာ #မုဒိတာ ဖြစ်ဖို့။ ခုနတုန်းက ရှိတဲ့ ရှိတာလေးကို အသုံးမပြုပေမဲ့ ရှိတဲ့ဟာလး အဲဒါလေးကို သတိရဖို့။
★ ဒုတိယတစ်ပုဒ်ကျတော့ အသုံးပြုတဲ့ဟာ ထမင်းစားတဲ့အချိန်ဆိုရင် ဒါ အစားအသောက် ဒီခန္ဓာကိုယ်ဖွံ့ဖြိုးအောင် ဒီခန္ဓာကိုယ်ကျန်းမာအောင် စားနိုင်တယ် သောက်နိုင်တယ်။ အ၀တ်အစားဝတ်ပြီဆိုရင် အအေးအပူ မျှတစေဖို့အတွက် အရှက်ကာကွယ်ဖို့အတွက်၊ နောက်ပြီးတော့ လူကြားသူကြားထဲမှာ ဆက်ဆံရေးအဆင်ပြေဖို့အတွက် ဒီ အ၀တ်အစားတွေ ကိုယ်က ၀တ်နိုင်တယ်။
★ အသုံးပြုတဲ့အချိန်လေးမှာ အ၀တ်အစားလဲတဲ့ အခါလေးမှာ အဲဒါလေး သတိရလိုက်ရင် #မုဒိတာ ဖြစ်လာတယ်။ မဟုတ်ရင် အ၀တ်အစားကို ခဏခဏလဲနေတယ် ဘယ်သူ့ဆီ စိတ်ရောက်နေလဲဆိုတော့ ကိုယ့်ကိုကြည့်ပြီးဝေဖန်မယ်သူ့ သူတို့ဆီ စိတ်ရောက်နေတယ်။
★ သူတို့မဝေဖန်အောင် ဘာတွေလုပ်ရမှာတုန်း ဘာတွေဝတ်သွားရမှာတုန်း ဘယ်အဆင်နဲ့ဘယ်အဆင် ၀တ်ရမှာတုန်း။ ဘယ်လက်ဆွဲအိတ်ကိုင်ရမှာတုန်း အဲဒါမျိုးတွေ သူများကို impress ဖြစ်အောင် သူများအထင်ကြီးအောင် အဲဒါပဲ စဉ်းစားနေတာ။ ဒီ negative ဘက်ပဲ စဉ်းစားနေတာ။
★ ကိုယ့်မှာရှိတဲ့ဟာ ဒီ plus sign အဲဒါကို မစဉ်းစားမိဘူး၊ half full half empty ဆိုတဲ့ ဒီထဲမှာ ရေက တ၀က်ရှိတယ် တ၀က်လေျာ့တယ်ဆိုရင် အ၀တ်အစားလဲတဲ့အခါမှာ သူများက ငါ့ကို ဘာပြောမှာတုန်း အဲဒါပဲ တွေးနေတာ၊ ဒီ မပြည့်တဲ့အပိုင်း half empty အဲဒါကိုပဲ တွေးနေတာ။ Negative အတွေးပဲဖြစ်နေတာပေါ့။
★ ဒီမှာ အ၀တ်အစားဝတ်ချင်ရင် ၀တ်ချင်တာဝတ်လို့ရတယ် ၀တ်စရာရှိတယ်။ ရှိတာလေးကို တွေးတဲ့အခါကျတော့ #မုဒိတာ ဖြစ်တယ် appreciation ခေါ်တာပေါ့။ ဒါက positive thinking မုဒိတာကို positive thinking လုပ်အောင်ဖြစ်အောင်လုပ်ပြီး စိတ်ချမ်းသာမူ ရအောင်လုပ်တာ ဒါ အရင်က ဟောခဲ့တဲ့ တရားနှစ်ပုဒ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“ပျော်ရွှင်မှုဒီနေရာ ဒီအချိန်မှာ ရှိနိုင်ပါတယ် – Happiness can be here and now (၂၇.၅.၂၀၁၈ စင်္ကာပူ)” တရားတော် ဒုတိယပိုင်းမှ ရေးသားပူဇော်ပါသည်။

No comments:

Post a Comment