Tuesday, October 16, 2018

မြတ် သော အ လှူ


မြတ် သော အ လှူ
═══════════
.
.
" သဗ္ဗဒါနံ ၊ ဓမ္မဒါနံ ၊ ဇိနာတိ "

အလှူမှန်သမျှတွင်
တရားအလှူသည်
အမြတ်ဆုံးဖြစ်၏။

══════════════

(မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊
နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမျက်နှာ ၄၀၆နှင့်
ဓမ္မပဒတွင်ပါရှိသည့်

" သဗ္ဗဒါနံ ၊ ဓမ္မဒါနံ ၊ ဇိနာတိ "
အလုံးစုံသောဒါနတို့တွင်
ဓမ္မဒါနသာလျှင် အမြတ်ဆုံးဆိုသည့်အတိုင်း) …

စကြာဝဠာ တစ်တိုက်လုံး ဗြဟ္မာပြည်အထိ အပြည့်အကျပ်ရှိနေသည့်
ဘုရားပစ္စေက ဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ကို တစ်ပါးလျှင်
သင်္ကန်းတစ်စုံကျစီ လှူဒါန်းခြင်းသည်

လေးပါဒရှိသော မြတ်စွာဘုရား ဟောကြားတော်မူသည့်
ဂါထာတစ်ပုဒ်ကို သင်ကြားပြသ ဖြန့်ဖြူးရသည့်
ဓမ္မဒါနကုသိုလ်၏ ( ၂၅၆ စိတ် ) စိတ်လျှင် တစ်စိတ်ကိုမျှ မမှီနိုင်ပါ။

ထို့ကြောင့် ဓမ္မဒါနပြုသူများသည်
အမြတ်ဆုံး ဒါနရှင်ကြီးများဖြစ်နိုင်ပါသည်။

တရားအလှူသည်
အလှူအားလုံးကို အောင်နိုင်၏၊

တရားအရသာသည်
အရသာအားလုံးကို အောင်နိုင်၏၊

တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်း
အားလုံးကို အောင်နိုင်၏၊

တဏှာကုန်ရာ အရဟတ္တဖိုလ်သည်
အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။
.
.
Thanks;
မဟာဗောဓိ / Mahar Bodhi

.
.
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com/

No comments:

Post a Comment