Thursday, October 18, 2018

ခပ်စိမ်းစိမ်းပဲ နေလိုက်ပါ


ခပ်စိမ်းစိမ်းပဲ နေလိုက်ပါ။
════════
☞ များသလောက် ရှူပ်မယ်။
☞ ချစ်သလောက် ပူမယ်။
☞ လိုချင်သလောက် ဆင်းရဲမယ်။
☞ သိသလောက် ချမ်းသာမယ်။
အရှင်ဥတ္တမ(သစ္စာရွှေစည်)
❖ တစ်ယောက်ကို တစ်ယောက်
သံယောဇဉ်တွေပွားနေမယ် ဆိုရင်
ကိုယ့်သံယောဇဉ်ကြောင့်
ကိုယ်ဒုက္ခရောက်ရမှာဖြစ်သလို
❖ သူ့သံယောဇဉ်ကြောင့်
သူ ဒုက္ခရောက်ရလိမ့်မယ်။
❖ ကိုယ့်ကြောင့် သူ့ကိုမဆင်းရဲစေချင်ဘူး ဆိုရင်
ကိုယ့်အပေါ်မှာရှိနေတဲ့ သူ့ရဲ့သံယောဇဉ်တွေကို
ကြီးထွားသွားအောင် မလုပ်ပါနဲ့။
❖ သူ့ကြောင့် ကိုယ်မဆင်းရဲချင်ဘူးဆိုရင်လည်း
သူ့အပေါ်မှာရှိနေတဲ့ ကိုယ့်ရဲ့သံယောဇဉ်တွေကို
လျှော့ချပစ်ပါ။
❖ ဘယ်သူ့အပေါ်မှာထားတဲ့
ဘယ့်သူ့ရဲ့သံယောဇဉ်ပဲဖြစ်ဖြစ်
ဒုက္ခကိုဖြစ်စေမယ် ဆိုတာ
သံသယဖြစ်စရာ မရှိဘူး။
❖ စားသောက်ထားတဲ့ အစားအစာတွေဟာ
မုချ ကျင်ကြီးကျင်ငယ်ကိုဖြစ်စေသလိုပဲ..
ထားမိတဲ့ သံယောဇဉ်တွေဟာ သေချာပေါက်
ဆင်းရဲကို ဖြစ်စေလိမ့်မယ်။
❖ သံယောဇဉ် များခြင်းဟာ ဒုက္ခများခြင်းပဲ ဖြစ်တယ်။
ဒုက္ခ မများချင်ဘူး ဆိုရင်
ကိုယ်ကလည်း ဘယ်သူ့ကိုမှမငြိနဲ့
ကိုယ့်ကိုလည်း ဘယ်သူကမှ မငြိစေနဲ့။
❖ တစ်ယောက်ကို တစ်ယောက် ငြိမိလို့ကတော့
ချည်ဝင်အူပေါက်လို
ရှင်းမရအောင် ရှုပ်သွားလိမ့်မယ်။
❖ ဒါကြောင့်.....
ဒုက္ခမများစေချင်ဘူးဆိုရင်
အားလုံးအပေါ်မှာ ခပ်စိမ်းစိမ်းပဲ နေလိုက်ပါ။
❆ အရှင်ဥတ္တမ(သစ္စာရွှေစည်) ❆
သစ္စာရွှေစည်တရားတော်များမှ -
❖ အားလုံးသော ဓမ္မမိတ်ဆွေ စာဖတ်သူအပေါင်း
ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုး
လိုရာဆန္ဒများ ပြည့်စုံကြပါစေ …
❖ အမှတ်တရ ဓမ္မဒါန ➠ Win Soe
★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★

No comments:

Post a Comment