Monday, October 1, 2018

#ကြွေးနဲ့ သေမလား၊ ကြွေးကျေသေမလား#


#ကြွေးနဲ့ သေမလား၊ ကြွေးကျေသေမလား#

+++++++++++++++++++

ပစ္စုပ္ပန်ကြွေး၊ အတိတ်ကြွေး ဘာနဲ့ ဆပ်မလဲ။

မဂ်နဲ့ ဆပ်ရင် ကျေတယ်နော်။

မဂ်နဲ့ ဆပ်ရင် ကျေတယ်ဆိုတော့ တကယ်တမ်း ခင်ဗျားတို့ 
ဒီ(၀ိပဿနာ)အလုပ်ကို လုပ်လို့ ရှိရင် ဘာသံသယမှ မရှိဘဲ သေလိုက်၊
ငါ ကြွေးကျေပြီလို့  သေလိုက်၊ ကြွေးကျေတော့ အကျိုးပေး
နိုင်သေးရဲ့ လား၊ ကြွေးဆိုတာ အကြောင်းတွေကိုး၊ အကျိုး
ပေးနိုင်သေးရဲ့ လား၊ ဒီအလုပ်သာလုပ် ကြွေးကျေတယ်ဆိုတော့
အော် သူတို့ သေပုံ တယ်ကောင်းတယ်ဟေ့။

ကြွေးရှိတဲ့ ပုဂ္ဂိုလ် လောကီမှာတောင် မပူရဘူးလား။ ကြွေးဆိုတာ ငွေစက္ကူနဲ့ ဆပ်လို့ 
မရဘူး၊ ခန္ဓာနဲ့ ဆပ်နေရမှာ။

အပါယ်ကျတော့လည်း ခန္ဓာနဲ့ 
ဆပ်ရတယ်။ သစ္စာမသိတဲ့ ကုသိုလ်တွေက အကျိုးပေးတော့လည်း
ခန္ဓာနဲ့ ဆပ်ရတယ်။

ခန္ဓာနဲ့ ဆပ်ရတာချည်းပဲ၊ လက်ဆောင်ပေးလို့ ရတာမျိုး မဟုတ်ဘူး။

ဒါဖြင့် ဒကာဒကာမတွေ ဒီခန္ဓာကို နောက်အကျိုးမပေးအောင် လုပ်လို့ ရှိရင် ခန္ဓာပေါ်ဦးမလား၊ ခန္ဓာ ဘာသစ္စာလဲ၊ ဒုက္ခသစ္စာ၊
ဒုက္ခသစ္စာ မပေါ်ရင် နိဗ္ဗာန်ပေါ်ရမယ် ။

အဲတော့
ကြွေးနဲ့ သေမလား၊ ကြွေးကျေသေမလား။

မိုးကုတ်ဆရာတော်ဘုရားကြီး

No comments:

Post a Comment