ချစ်ကြောက်ရိုသေ ဆိုတဲ့ထဲမှာ
▬▬▬▬▬▬▬▬▬▬▬▬
▬▬▬▬▬▬▬▬▬▬▬▬
★ ဘုန်းဘုန်းက #ချစ်ကြောက်ရိုသေ ဆိုတဲ့ ယဉ်ကျေးမူလေ - ကြောက် ကတော့ မပါရင် ကောင်းမယ် ထင်တယ်လို့ စိတ်ထဲမှာ ယူဆတယ်။ ကြောက်တာက ဒေါသကိုး။ အဘိဓမ္မာ မှာ ကြောက်တာကို ဒေါသလို့ ခေါ်တယ်။
★ မိဘကို ချစ်တယ် ရိုသေတယ်ဆိုရင် ဒါလုံလောက်ပါပြီ။ ချစ်တယ် ရိုသေတယ် လုံလောက်ပြီ၊ ကြောက်ဖို့ မလိုဘူး။ မိဘကိုကြောက်ပြီးတော့ စိတ်ထဲမှာ ဖြစ်တဲ့ဟာကို မပြောပြရဲရင် ဒါ communication မကောင်းတော့ဘူး။ မိဘကွယ်ရာမှာ တခြားလူတွေနဲ့ သွားပြော လုပ်ချင်ရာလုပ် အဲဒါမျိုး ဖြစ်တယ်။
★ အဲဒါ မိဘကို ကြောက်တဲ့အခါကျတော့ ချစ်တဲ့အခါ လျော့သွားတတ်တယ် တိမ်းသွားတတ်တယ်။ ရိုသေတဲ့ နေရာမှာ ရိုသေမူအတု ဖြစ်သွားတတ်တယ်။ အကြောက်တရားက သူက ကိလေသာ။ အချစ်တရား က မေတ္တာတရား က ဗြဟ္မစိုရ်တရား သူက ကုသိုလ်။ မိဘကိုချစ်တာ မိဘကိုရိုသေတာ ဂါရဝတရား ဒီမင်္ဂလာတရားတွေက ကုသိုလ်တရား။
★ ဒီ ချစ်ကြောက်ရိုသေမှာ ဒီ #ကြောက်က ဘယ်ကနေလာမှန်းမသိဘူး။ သုတေသန လုပ်ကြရအောင်။ ဘယ်ကနေလာမှန်းမသိဘူး။ အိမ်ထဲမှာတောင်မှ ကိုယ်က ဒီအကြောက်တရားကို ဒီလို မွေးထားရင် သားသမီးကိုလဲ ကိုယ့်ကို ကြောက်အောင်လုပ်ပြီးတော့ ထားတယ်ဆိုရင် မြတ်စွာဘုရားက အမိန့်ရှိတာတော့ ဒေါသနဲ့ မေတ္တာ နဲ့က တလမ်းစီပဲတဲ့။
★ တလမ်းစီပဲ ဘယ်တော့မှ မဆုံနိုင်ဘူး။ ဒါကြောင့် အကြောက်တရားနဲ့ အချစ်တရားက မဆုံနိုင်ဘူး အတူတူ မဖြစ်နိုင်ဘူး။ အဘိဓမ္မာ မှာ ကတော့ ဘုန်းဘုန်း technical term တလုံးနှစ်လုံး အဘိဓမ္မာ သင်ဖူးရင်လဲ သင်ဖူး ပြီးသား ပုဂ္ဂိုလ် မသင်ရသေးရင်လဲ ကြားဖူးမှာပေါ့။ “သမ္ပယောဂနည်း သင်္ဂဟနည်း” ဆိုတာ ရှိတယ်၊ associated ကိုပြောတာ။
★ ဒေါသနဲ့ မေတ္တာနဲ့ သူက အချင်းချင်း associated လုပ်နိုင်လား၊ ပေါင်းနိုင်လား analysis လုပ်ထားတာရှိတယ်။ မပေါင်းနိင်ဘူးတဲ့။ မပေါင်းနိင်တော့ သူတို့ကို category ချင်း ခွဲထားတယ်။ ဒါကြောင့်..
#ချစ်ကြောက်ရိုသေ ဆိုတဲ့ထဲမှာ..


★ အဲဒီတော့ မိဘကိုချစ်တယ်ဆိုရင် မိဘကို အမှန်အတိုင်းပြော။ ဒါချစ်ရာလဲ ရောက်တယ် ရိုသေရာလဲ ရောက်တယ်။ You are being honest with your parents. ဟုတ်တယ်မို့လား။ မိဘဆူမှာကြာက်လို့ မိဘရိုက်မှာကြောက်လို့ မိဘ မထောက်ပံ့မှာဆိုးလို့ ပြောချင်တာမပြောရဲဘူးဆိုရင် ဒါက honest မဖြစ်တော့ဘူး။ ရိုးသားမူ မဖြစ်တော့ဘူး။
★ မေတ္တသုတ်ထဲမှာ “သက္ကော ဥဇူ စ သုဟုဇူ စ” - ဥဇူ စ သုဟုဇူ စ ဆိုတာက honest ဖြစ်တာ။ ဒါ emotion quality သင်တာ ။ မေတ္တသုတ်ထဲမှာ ဟောထားတာတွေက၊ honesty ကလဲ EQ quality တမျိုးပဲ။
★ အထက်ကလူက လာစစ်တဲ့အခါ အောက်ကလူက ကြောက်လို့ တခါတည်း အမှန်တရားတွေ မပြောရဲဘူးဆိုတော့ အကုန်လုံး ရူပ်နေတာ၊ ကုမ္ပဏီလဲ ရှုံး ဌာနဆိုင်ရာဆိုလဲ ဌာနဆိုင်ရာဆိုလည်း လုပ်ငန်းတွေ အချင်းချင်း ဒီလိုပဲ အမှန်ကို မသိနိုင်ဘူး။ Heart to heart စကားပြောနိုင်တဲ့ဟာ မရှိဘူး။
★ ကြောက်စိတ်ထဲမှာ သူများ အထင်သေးမှာ ကြောက်တဲ့စိတ်တွေ သူများ အထင်မကြီးမှာ ကြောက်တဲ့စိတ်တွေ ကိုယ်ဟာကို နေနေရင်း insecure ဖြစ်နေတယ်။ အဲဒီ ဒေါသစိတ်တွေ အဲဒီ မာနစိတ်တွေဟာတဲ့ negative emotion ဖြစ်တယ်ဆိုပြီးတော့ မြတ်စွာဘုရားက ဟောထားတယ်။ အခုကျမှ ဒီ psychologist တွေက ဒါကို လာပြီးတော့ ပြောတယ်။
★ အရင်တုန်းဆိုရင်တော့ သူတို့က ဘာပြောတုန်း ဆိုတော့ Ego အားပေးရမယ်ဆိုပြီးတော့ ပြောတာ အနောက်ပိုင်း psycologist တွေက Ego ကို အားပေးရမယ်။ မြတ်စွာဘုရားက မဟုတ်ဘူး။ မိမိနဲ့ သူတပါးနဲ့ တူတဲ့ဟာလေးတွေ များများတွေးပေး၊ တူတဲ့ဟာလေးတွေ များများတွေးပေးရင် ကိုယ်က သူတို့ကို မကြောက်တော့ဘူး။
★ တူတယ်ဆိုတော့ သူတို့ရှေ့မှာ ကိုယ်က relax ဖြစ်တယ်ပေါ့။ မတူတဲ့ သူရှေ့မှာကြမှ ကိုယ် ကြောက်စိတ်ဖြစ်တယ်။ နားမလည်သေးလို့ မသိသေးလို့ familiar မဖြစ်သေးလို့။ ကလေးငယ်လေးတွေ ကြည့် သူတို့ရဲ့ သဘာဝ အပြုအမူက တစိမ်းနဲ့တွေ့ရင် ချက်ချင်း ကြောက်စိတ် ဝင်သွားတယ်။ သိတဲ့ လူနဲ့တွေ့ရင် ချက်ချင်း relax ဖြစ်သွားတယ်။ ဗ
★ ဒီတိုင်းပါပဲ မိမိရဲ့ emotion ကို မိမိက မသိဘူးဆိုရင် ကြောက်စိတ်တွေ ဖြစ်လေ ဖြစ်လေ ပိုပြီးတော့ ဖြစ်လေ။ အကြောက်တရား။ နောက် အကြောက်တရား မရှိတဲ့ ပုဂ္ဂိုလ်က ဒီ အန္တရာယ်တွေ risk တွေ သုံးသပ်တဲ့အခါမှာလဲပဲ မှန်မှန်ကန်ကန် သုံးသပ်နိုင်တယ်။ မဟုတ်ရင်တော့ အကြောက်လွန်ပြီတော့ ဘာမှမလုပ်ရဲမကိုင်ရဲတွေ ဖြစ်တတ်တယ်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏
🙏
🙏



“တို့လူသားများ ဒီထက်ပိုစွမ်းတယ် (၂) – Human Beings are more capable than this (၁.၆.၂၀၁၈)” တရားတော် ဒုတိယပိုင်းမှ ရေးသားပူဇော်ပါသည်။
Transcribed #Htarsuhlaing
No comments:
Post a Comment