Wednesday, October 3, 2018

•• အနိစ္စရွာ ••


•• အနိစ္စရွာ ••

သူချော ငါလှ တသသနဲ့
ရူပရုပ်ဆင်း ပြုပြင်ခြင်းကို
သေမင်းဘေးက ရီသတည်း။

သူနိုင် ငါနိုင် အပြိုင်တိုက်ခွင်း
ရန်ဖြစ်ခြင်းကို သေမင်းဘေးက ရီသတည်း။

သူပိုင် ငါပိုင် အပြိုင်လုရင်း
ရန်ပွားခြင်းကို သေမင်းဘေးက ရီသတည်း။

သူတော် ငါတော် ဂုဏ်တွေဖော်လို့
မာနတွေတင်း မောက်မာခြင်းကို
သေမင်းဘေးက ရီသတည်း။

သူသာ ငါသာ ပညာရှာတော့
ဘွဲ့ဂုဏ်ပြိုင်ရင်း ကြွားကြခြင်းကို
သေမင်းဘေးက ရီသတည်း။

ပြိုင်ကြဆိုင်ကြ ကြွားဝါကြကာ
ငါမာန်တွေတင်း ဂုဏ်မောက်နှင်းလည်း
သွေခွါခဏ နေကြရလို့
ဆန္ဒပြင်းစွာ မိုက်မဲပါလဲ
မရှောင်ပြေးသာ ဆုံရမှာတော့
သေရွာ သေမင်း ထိုသေခြင်း။

--- ရှေးဆရာတော်ကြီးများ၏ ကဗျာကို မှီညမ်းရေးသားအပ်ပါသည်။ သတိ သံဝေဂ ရကြပါကုန်လော့ ။
••••••••••အတွေးလှဆရာတော် •••••••••

No comments:

Post a Comment